တက္ကသိုလ်မိတ်ဆက်-多语种门户网站_缅甸语
စီချွမ်း နိုင်ငံတကာ လေ့လာရေး တက္ကသိုလ် (SISU) မိတ်ဆက်


 

စီချွမ်း နိုင်ငံတကာ လေ့လာရေး တက္ကသိုလ် (SISU) မိတ်ဆက်        


 


 

စီချွမ်း နိုင်ငံတကာ လေ့လာရေး တက္ကသိုလ် (ချွမ်းဝိုက်-Chuan Wai သို့မဟုတ် ဆီဆူး-SISU) သည်    တရုတ်နိုင်ငံတွင် ပထမဆုံးသော နိုင်ငံခြား ဘာသာစကားသင် ကောလိပ် ၄ ခု အနက်က တစ်ခု အပါအဝင် ဖြစ်သည်။ ချုံချင့် မြူနီစီပယ် မြို့တော်၊ ရှာ့ဖင်ပါ့ ခရိုင်တွင် တည်ရှိသည်။ တရုတ်နိုင်ငံ ပညာရေး ဝန်ကြီးဌာန အသိအမှတ်ပြု အချိန်ပြည့် တက္ကသိုလ် တစ်ခု ဖြစ်ပြီး၊ ချုံချင့် မြူနီစီပယ် ပြည်သူ့ အစိုးရက ကြီးကြပ်လျက် ရှိသည်။      

“စည်းလုံးမှု၊ လုံ့လအားထုတ်မှု၊ ပြင်းပြသည့် စိတ်ထား ရှိမှု၊ လက်တွေ့ကျသည့် ချဉ်းကပ်မှု” ဆိုသည့်   စိတ်ဓာတ်တို့ဖြင့် တည်ထောင်ထားကာ ခိုင်မာသော ဆောင်ပုဒ် ဖြစ်သည့် “ကမ္ဘာကြည့် ကြည့်မြင်ဖို့၊ ပညာ   ရေး ထူးချွန်စို့”ကို ကိုင်စွဲထားသည့် တက္ကသိုလ် တစ်ခု ဖြစ်သည်။ တက္ကသိုလ် သည် နိုင်ငံတကာ အသိ        အမြင် ကျယ်ပြန့်ရန်အတွက် နိုင်ငံခြား ဘာသာစကားများကို အထူး အာရုံစိုက်စေကာ ကွဲပြားသော နည်းနာများဖြင့် မိမိကိုယ်ကိုယ် အသိအမှတ်ပြုခြင်း ခံရစေရန် အားထုတ်ထားသည်။ ပညာရေးဘက်၌ ထူးချွန်စေရုံသာမက နည်းလမ်း အသွယ်သွယ်ကို အသုံးချလျက် နိုင်ငံတကာနှင့် ချိတ်ဆက်ကာ ကဏ္ဍတိုင်း၌ တိုးတက်စေရန်    အချိုးညီညီ လုပ်ဆောင်လျက် ရှိသည်။      

ဤ တက္ကသိုလ်သည် ယခုအခါ ဘက်စုံ အဆင့်မြင့် တက္ကသိုလ် တစ်ခု အဖြစ်သို့ ရောက်ရှိနေ ပြီ ဖြစ်ပေ  သည်။ တရုတ် ဘာသာစကားနှင့် စာပေ ဘာသာရပ်များ၊ ဂျာနယ်လစ်ဇင်းနှင့် ဆက်သွယ်ရေး ဘာသာရပ်များ၊      ပညာရေး၊ နိုင်ငံခြား ဘာသာစကားနှင့် စာပေ ဘာသာရပ်များ အတွက် ထိရောက်သော သင်ယူ/သင်ပြနည်း     ပညာရပ်များ စသည်တို့အတွက် ရိုးရိုးဘွဲ့၊ မဟာဘွဲ့၊ ဒီပလိုမာဘွဲ့တို့ကို မွေးထုတ်ပေးလျက် ရှိသည်။ စီးပွားရေး၊ စီမံခန့်ခွဲမှု၊ ဥပဒေ ဘာသာရပ်တို့ အတွက် ပါရဂူ သင်တန်းများ တိုးမြှင့် ဖွင့်လှစ်ထားသည်။ နိုင်ငံခြား ဘာသာ  စကားနှင့် စာပေ ဘာသာရပ်များအတွက် သုတေသနပြုနိုင်ရန် ပါရဂူ ဘွဲ့လွန် သင်တန်းများကိုလည်း ဖွင့်လှစ်    ထား သည်။ ပညာရပ် လှုပ်ရှားမှု တစ်ခု အဖြစ် Foreign Languagesand Literature and English Studies ဂျာနယ်ကို ထုတ်ဝေလျက် ရှိသည်။ ဤ တက္ကသိုလ်သည် တရုတ်နိုင်ငံ အနောက်တောင် ပိုင်း၏ အဓိကကျသော နိုင်ငံတကာ ဆက်ဆံရေးနှင့် ဘာသာစကား လေ့လာရေး ဌာန အဖြစ် လည်းကောင်း၊ စီးပွားရေးနှင့် နိုင်ငံတကာ ကုန်သွယ်ရေး ပညာရပ်များ လေ့လာရာ ဌာန အဖြစ် လည်းကောင်း ရပ်တည်လျက် ရှိသည်။      

Historical Milestones        

သမိုင်းဝင် မှတ်တိုင်များ        

စီချွမ်း နိုင်ငံတကာ လေ့လာရေး တက္ကသိုလ် (SISU)ကို ၁၉၅၀ ပြည့်နှစ်တွင် တိန့်ရှောက်ဖိန်၊ လျိုပိုချန်း၊  ဟေးလုန်နှင့် အခြားသော ထင်ရှားသည့် တော်လှန်ရေး ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ကြီး များ၏ လမ်းညွှန်မှုဖြင့်   စတင် တည်ထောင်ခဲ့သည်။ ဤ တက္ကသိုလ်တွင် အောက်ပါ သမိုင်းဝင် မှတ်တိုင်များ ရှိခဲ့သည်။      

၁၉၅၀- ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်တောင်ပိုင်း နိုင်ငံရေး      

သိပ္ပံနှင့် စစ်ပညာဆိုင်ရာ တက္ကသိုလ်နှင့် ရုရှား လေ့ကျင့်ရေး တပ်ဖွဲ့      

     ၁၉၅၁- ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အကြီးတန်း ခြေလျင် တပ်မ၊ ရုရှား      

လေ့ကျင့်ရေး တပ်မဟာ (၂)      

  ၁၉၅၂- ရုရှားဘာသာဌာန၊ အနောက်တောင်ပိုင်း ပြည်သူ့တော်လှန်ရေး တက္ကသိုလ်      

၁၉၅၃- အနောက်တောင်ပိုင်း ရုရှားဘာသာ ကောလိပ်      

၁၉၅၉- စီချွမ်း နိုင်ငံခြားဘာသာစကား ကောလိပ်      

၂၀၁၃- စီချွမ်း နိုင်ငံတကာ လေ့လာရေး တက္ကသိုလ်      

 ၂၀၁၃ ခုနှစ်တွင် SISU ကို နိုင်ငံတော် ကောင်စီ၊ ပညာရေး ဘွဲ့နှင်း ကော်မီတီက ပါရဂူဘွဲ့      

ချီးမြင့်နိုင်သည့် အဆင့်မြင့် တက္ကသိုလ်အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။      

တက္ကသိုလ်ပရိဝုဏ်        

ကျားလင် (Jialing)မြစ်ကို အပေါ်စီးက မြင်နေရသည့် ကဲ့လာ (Gele)တောင်ခြေတွင် တည်ရှိ ကာ အလွန် မျက်စိပသာဒ ဖြစ်ဖွယ် ကောင်းသည့် တည်နေရာ ဖြစ်သည်။ ချုံချင့် မြူနီစီပယ် အစိုးရက “သာမောဖွယ်   ပရိဝုဏ်”အဖြစ် သတ်မှတ်ထားသည်။ တောင်မြို့တော် ချုံချင့်မြို့၏ စိမ်းလန်းစိုပြည်သည့် သစ်တော သစ်ပင်၊ ချုံနွယ်ပိတ်ပေါင်းတို့နှင့်အတူ နှင်းပန်းများ အပြည့် အနှက် ဖူးပွင့်ရာ ရေကန်သာနှင့် ဂေဟစနစ် ထိန်းသိမ်းထားရာ နေရာ တစ်ခု ဖြစ်သည်။      

ပညာသင်ကြားရေး        

SISU တွင် အချိန်ပြည့် ဘွဲ့ကြိုနှင့် ဘွဲ့လွန် ၂ မျိုးလုံး သင်ကြားပေးလျက် ရှိသည်။ သင်ကြားရေး ဌာန ၂၂   ခု ရှိသည်။ ထို့အပြင် တက္ကသိုလ် နယ်ပယ်အတွင်း အလယ်တန်းကျောင်း ၁ ကျောင်းနှင့်    မူလတန်း           ကျောင်း ၁ ကျောင်းတို့ကိုလည်း တွဲဖက် ဖွင့်လှစ်ထားသည်။ ဘွဲ့ကြိုတန်း တွင် အထူးပြု ဘာသာရပ်ပေါင်း     ၄၉ ခု ရှိသည်။ ထိုအထဲက ၂၄ ခုမှာ နိုင်ငံခြားဘာသာစကား ၂၂ ခုအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ဘွဲ့     ကြို ကျောင်းသားများတွင် တရုတ်ပြည် စီရင်စု ၂၉ ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ၊ နိုင်ငံ တစ်ဝန်းရှိ မြူနီစီပယ် မြို့တော်များက လာရောက်၍ တက်ရောက် သင်ကြားနေကြခြင်း ဖြစ်သည်။ လက်ရှိ အချိန်တွင် အချိန် ပြည့် တက်ရောက် သင်ကြားနေသည့် ကျောင်းသားပေါင်း ၁၆၀၀၀ ကျော် ရှိသည်။      

တက္ကသိုလ်တွင် အဓိက သင်ကြားပေးနေသည့် ဘာသာရပ်များမှာ နိုင်ငံခြား ဘာသာ စကားများ ဖြစ်သော်လည်း တရုတ် ဘာသာစကားနှင့် စာပေ၊ စီးပွားရေး၊ စီမံခန့်ခွဲမှု၊ ဥပဒေ၊ ပညာရေး၊ ဒဿနိကဗေဒ၊ အနုပညာ    နှင့် အခြားသော ဘာသာရပ်များကိုလည်း အောင်အောင် မြင်မြင် သင်ကြားပေးလျက် ရှိသည်။ ဘာသာရပ်ခွဲ    ၁၃ ခု အကျုံးဝင်သည့် ဘာသာရပ် တစ်မျိုးကို ပါရဂူဘွဲ့ ပေးအပ်ခွင့် ပြုထားသည်။ ဘာသာရပ်ခွဲ ၄၉ ခု အကျုံးဝင်သည့် ဘာသာရပ် ၅ ခုကို မဟာဘွဲ့ ပေးအပ်လျက် ရှိသည်။ ဘာသာရပ် ၄၉ ခုကို လွှမ်းခြုံသည့်   ဘာသာရပ်ခွဲ ၁၀ ခုကို အဆင့်မြင့်မြင့် မဟာဘွဲ့များ ပေးအပ်လျက် ရှိသည်။ နိုင်ငံခြား ဘာသာစကားနှင့် စာပေတို့ကို ပါရဂူဘွဲ့လွန်အထိ ပေးအပ်ရန် ခွင့်ပြုထားပြီး ဖြစ်သည်။ နိုင်ငံတော်အဆင့် ကိုယ်စားပြု ဘာသာရပ် ၄ ခု၊ ဒေသဆိုင် ရာအဆင့် ကိုယ်စားပြု ဘာသာရပ် ၈ ခု၊ နိုင်ငံတော်အဆင့် ပထမ အဆင့် ဘာသာရပ် ၁၁ ခု၊ ဒေသဆိုင်ရာ  အဆင့် ပထမအဆင့် ဘာသာရပ် ၁၈ ခု စီမံချက်ချ ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်အဆင့် ရှေ့ပြေးစီမံချက်အဖြစ် ဘာသာရပ် တစ်ခုနှင့် ဒေသဆိုင်ရာအဆင့် ဘာသာရပ် ၂ ခုကို ပြန်လည် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိ သည်။ ထို့အပြင် အထူးပြု ဘာသာရပ် ၁၂ ခု၊ သာမန် ဘာသာရပ် ၃ ခု၊ ချုံချင့် အဆင်မြင့် ပညာရေး ဌာနက ဆောင်ရွက်လျက် ရှိသည့် ကိုယ်ပိုင် အမှတ်လက္ခဏာ ၃ ခု ဖြစ်သည့် ကိုယ်ပိုင် အမှတ် လက္ခဏာ သင်တန်းများ၊ ကိုယ်ပိုင် အမှတ်လက္ခဏာ အထူးပြု ဘာသာရပ်များ၊ ကိုယ်ပိုင်အမှတ် လက္ခဏာ ဘာသာရပ်များကို တိုးတက် ဖွံ့ဖြိုးအောင် ချုံချင့် မြူနီစီပယ် ပညာရေး ကော်မရှင်၏ ထောက်ခံချက်ဖြင့် လုပ်ဆောင်လျက် ရှိသည်။      

မဟာ ဌာနကြီးများ        

"တက္ကသိုလ်ကို ပိုမိုကောင်းမွန်သော မဟာဌာနကြီးများဖြင့် အားကောင်းစေခြင်း" မဟာ ဗျူဟာကို လိုက်နာလျက် SISU သည် မဟာဌာနကြီးများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ သင်ကြားရေး ဆရာ ဆရာမ ၁၃၇၂ ဦး ရှိသည့်အနက် ၈၆၃ ဦးမှာ အချိန်ပြည့် ဆရာ ဆရာမများ ဖြစ်သည်။ ယင်းတို့ အနက် ၅၀ ရာခိုင်နှုန်းမှာ ပါမောက္ခများ သို့မဟုတ် တွဲဖက်ပါမောက္ခများ ဖြစ်ကြသည်။ အချိန်ပြည့် ဆရာများ တွင်  ၃၈ ရာခိုင်နှုန်းမှာ ပါရဂူဘွဲ့များ ရရှိပြီး ဖြစ်သည်။ ပါမောက္ခ ၆ ဦးမှာ နိုင်ငံတော်အဆင့် ထူးချွန်သည့် ကျွမ်းကျင် ပညာရှင်များ၊ အမျိုးသားအဆင့် စံပြ ဆရာများ အဖြစ် အသိအမှတ်ပြု ခံထားရသည်။ ၎င်းတို့သည် နိုင်ငံတော်ကောင်စီက ချီးမြှင့်သည့် အထူး ထောက်ပံ့ကြေးများကို ရရှိကြသည်။ တက္ကသိုလ်တွင် ပညာရေးဝန်ကြီးဌာန၏ နိုင်ငံခြားဘာသာစကား လမ်းညွှန် ကော်မတီအဖွဲ့ဝင် ၁၄ ဦး၊ ထူးချွန်သော ပံ့ပိုးမှုများဖြင့် ပြည်နယ် သို့မဟုတ် ဝန်ကြီးအဆင့် ကျွမ်းကျင်သူ ၂ ဦးနှင့် ပြည်နယ်အဆင့် ပညာရေးဆိုင်ရာ ဦးဆောင်ကျွမ်းကျင်သူများနှင့် အရန် ကိုယ်စားလှယ်လောင်း ၂၀ ဦးတို့လည်း ပါဝင်ပါသည်။ SISU ဆရာ ၂၂ဦးသည် Bayu Scholars သို့မဟုတ် Chongqing of Talents ဘွဲ့ကို ရရှိထားသည်။ဆရာ ဆရာမ ၁၇ ဦးသည်  "ကျော်ကြားသော ဆရာ”ဆု၊ “သင်ကြားရေးနှင့် ပညာပေးသူ”ဆု၊ "ထိပ်တန်း ဆရာဆယ်ဦး"ဆု၊ "ထူးချွန်ဆရာများ"ဆု၊ "ထူးချွန် ပညာပေးသူ”ဆု၊ "စာရိတ္တ ထူးချွန်သူ”ဆု အသီးသီး ချီးမြှင့် ခံထားရသူများ ဖြစ်သည်။ ဆရာ ဆရာမ ၄ဦးမှာ “322 Key Talents Project”က ချီးမြှင့်သည့် “ချုံချင့် လူမှုထူးချွန်တံဆိပ် အဆင့် ၅” ၏ ဒုတိယအဆင့် ရှိသူများ အဖြစ် အသိအမှတ်ပြု ခံထားရသည်။ ဆရာ ဆရာမ ၃၉ ဦးမှာ တက္ကသိုလ် ထူးချွန် ဆရာများ ပံ့ပိုးရေး အစီအစဉ်၊ လူလတ်ပိုင်းနှင့် လူငယ်ပိုင်း ဆရာ ဆရာမများ ပံ့ပိုးရေး အစီအစဉ်၊ တက္ကသိုလ် လူငယ် မဏ္ဍိုင်ပြု ပံ့ပိုးမှု အစီအစဉ်တို့၏ ပံ့ပိုးမှုများကို ရရှိထားကြသည်။ ဆရာ ဆရာမ ၈ ဦးမှာ နိုင်ငံတော် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ဥက္ကဋ္ဌများ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌများ အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိကြသည်။  

သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်း        

SISU တွင် လုပ်ငန်းအတတ်သင် လူမှုဘာသာရပ်နှင့် လူမှု သိပ္ပံ ဘာသာရပ် ၃ ခု၊ နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာအဆင့် သုတေသန လုပ်ငန်း ၃ ခုတို့ကို ပညာရေး ဝန်ကြီးဌာန အသိအမှတ်ပြု ဆောင်ရွက်နေသည်။ တက္ကသိုလ်က ထုတ်ဝေသည့် Foreign Languages and Literature ဂျာနယ်သည် နိုင်ငံခြား ဘာသာစကား လေ့လာရေးတွင် နိုင်ငံတော်အတွက် အရေးပါသည့် ဂျာနယ် တစ်စောင် ဖြစ်သည်။ ထို့အပြင် English Studies ဂျာနယ်သည်လည်း CSSCI index (တရုတ် လူမှုရေးသိပ္ပံ ကျမ်းကိုး စာရင်း)အတွက် အရေးပါသည့် ဂျာနယ် တစ်စောင် ဖြစ်သည်။ ဤ တက္ကသိုလ်သည် ဒေသဆိုင်ရာနှင့် နိုင်ငံတော်အဆင့် သုတေသန ဌာန/အဖွဲ့ အစည်း အချို့တို့နှင့်လည်း ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ ယင်းတို့မှာ Chongqing Research Institute of Contemporary China, BRICS Countries Research Institute, Chongqing Institute of International Strategy Research, Institute for the Research of Contemporary International Discourse Systems, Chongqing International Education Development Research Center, and Chongqing Educational Law Research Center တို့ ဖြစ်သည်။ အဆိုပါ သုတေသနတို့က တစ်ဆင့် ထင်ရှားပြီး တန်ဖိုးရှိသည့် သုတေသန ရလဒ်များ ထွက်ပေါ်နေသည်။ ထို့ပြင် ဤ တက္ကသိုလ်သည် နိုင်ငံတော်အဆင့် ပထမ အဆင့် အသိုက်အဝန်းများ ဖြစ်သည့် China Foreign Language Interface Research Society, Chinese Language Education Research Society, Chinese and Western Language Philosophy Research Society, and China Cognitive Communication Study Society တို့နှင့် ချိတ်ဆက် နိုင်ရန် ဆောင်ရွက်ပေးလျက် ရှိသည့် ဒုတိယအဆင့်ကနေ ဦးဆောင်မှု ပေးလျက် ရှိသည့် တက္ကသိုလ် တစ်ခုလည်း ဖြစ်သည်။      

နိုင်ငံတကာနှင့် ပညာရေး ပူးပေါင်း ဖလှယ်ခြင်း        

SISU သည် နိုင်ငံပေါင်း ၃၀ ကျော်က တက္ကသိုလ်ပေါင်း ၁၀၀ ကျော်နှင့် ဆက်သွယ်ကာ ပညာရေး၊ ကျောင်းသား ဖလှယ်ရေး အစီအစဉ်များ ဆောင်ရွက်လျက် ရှိသည်။ ပညာရေး ဝန်ကြီးဌာန ထောက်ခံချက်ဖြင့် တရုတ်-ဩစတေးလျ ပူးပေါင်း စီးပွားရေး အင်္ဂလိပ်စာဘွဲ့၊ တရုတ်-ပြင်သစ် ပူးပေါင်း ထောက်ပို့ စီမံဘွဲ့တို့ကို ပေးအပ်လျက် ရှိသည်။ ရုရှားနိုင်ငံ University of Nizhni Novgorod၊ တိုဂိုနိုင်ငံ လိုမဲမြို့ရှိ Togolese University of Lomé၊ အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးရှိCentral Education Service Center in Eastern Ohio တို့တွင် ကွန်ဖြူးရှပ် သိပ္ပံ များကို ပူးတွဲ ဖွင့်လှစ်ထားသည်။ အီကွေဒေါနိုင်ငံ၌လည်း Siyuan Chinese Language School ကို ဖွင့်လှစ်ထားသည်။ မကြာသေးမီ နှစ်များအတွင်းက အစပြု၍ ဘွဲ့ကြိုနှင့် ဘွဲ့လွန်တန်းများ အတွက် နိုင်ငံတကာက ဆရာ ဆရာမများကို ဖိတ်ခေါ် လေ့ကျင့် မွေးထုတ်ပေးလျက် ရှိသည်။ နိုင်ငံခြား ကျောင်းသူ ကျောင်းသာ ၄၀၀ ကျော်ကို နှစ်စဉ် ပညာသင်ဆုများ ပေးအပ်၍ လည်းကောင်း၊ ကာလတိုနှင့် ကာလရှည် တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသား ဆရာ ဆရာမ ၇၀ ကျော်ကို လည်းကောင်း ဖိတ်ခေါ်ထားသည်။ အလားတူ အပြန်အလှန်အားဖြင့် ဤ တက္ကသိုလ်က ဆရာ ဆရာမ ၁၀၀ ကျော်နှင့် ကျောင်းသူ ကျောင်းသား ၆၀၀ ကျော်တို့ကိုလည်း နိုင်ငံခြား တက္ကသိုလ်များတွင် သွားရောက်၍ သင်ကြားရေး၊ သင်ယူဆည်းပူးရေးတို့အတွက် နှစ်စဉ် စေလွှတ်လျက် ရှိသည်။ ဤ တက္ကသိုလ်သည် Global Alliance of Foreign Studies Universities (GAFSU)၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ ထို့ပြင် Association of Francophone Universities (AUF)၏ ပုံမှန် အဖွဲ့ဝင်လည်း ဖြစ်သည်။ Goethe Language Center, the Cervantes Language Center, the Italian Center, the Russian Center, and the Belarusian Center တို့နှင့်လည်း ဘာသာစကား သင်ကြားမှုတို့တွင် အပြန်အလှန် ပူးပေါင်း ဖလှယ်၍ ဆောင်ရွက်လျက် ရှိသည်။      

သင်ကြားရေး အထောက်အကူများ        

SISU ၏ မြေနေရာမှာ ၇၁ ဟက်တာ ကျယ်ဝန်းသည်။ သင်ထောက်ကူ ရုပ်ဝတ္ထုများ အပြည့်အစုံ ဖြည့်ဆည်းပေးထားသည်။ ဘာသာစကား သင်ကြားရေးအတွက် အထူး ပြင်ဆင် ထားသည့် စာသင်ခန်းများ၊ တစ်ချိန်တည်းတွင် ဘာသာပြန်၊ စကားပြန် လုပ်နိုင်သည့် စာသင်ခန်းများ၊ အသံထွက် လေ့ကျင့်ခန်းများ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အလုပ်ခန်းများ၊ ဘာသာစကားနှင့် ပတ်သက်၍ အသေးစိတ် လုပ်ဆောင်နိုင်သည့် အခန်းများ ထည့်သွင်းထားရာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် အကောင်းဆုံး ဖြည့်ဆည်းပေးထားမှုများ ဖြစ်သည်။ “ချုံချင့် နိုင်ငံခြားရေးရာများ လက်တွေ့ စမ်းသပ်မှု စင်တာ” ဖြစ်သည်။ SISU စာကြည့်တိုက်တွင် မူရင်း နိုင်ငံခြား ဘာသာစကား စာအုပ်စာတမ်း ၂၂၀၄၀၉ အုပ် အပါအဝင် စာအုပ်ပေါင်း ၃.၆၄ သန်း ရှိသည်။ အချိန်နှင့် တစ်ပြေးညီ ထုတ်ဝေသည့် တရုတ်နှင့် နိုင်ငံခြားဘာသာ စာနယ်ဇင်း အမျိုးအစား ၃၄၀၀ ကျော်နှင့် အီလက်ထရောနစ် စာနယ်ဇင်း အမျိုးအစား ၄၁၃၅၄ ဖတ်ရှုနိုင် သည်။ မကြာသေးမီနှစ်များက Chinese Journals Database (CNKI), Chaoxing Discovery System, GALE Reference Book, PQDT Dissertation အစရှိသည်တို့နှင့် German language database and a database of CD-ROMs ပါသည့် ပုံနှိပ်စာအုပ်များ စသည့် ဒေတာဘေ့စ် (data base) 93 ခုကို ဝယ်ယူ ဖြည့်ဆည်းထားသည်။      

လူမှုအသိုင်းအဝိုင်း၌ ဝန်ဆောင်ပေးခြင်း        

SISU တက္ကသိုလ်သည် ချုံချင့်၏ လူမှုရေးနှင့် စီးပွားရေး လိုအပ်ချက်များကို နိုင်ငံတကာ ဘာသာစကား ကျွမ်းကျင်မှုများ၊ ကျွမ်းကျင်သည့် မျိုးဆက်သစ်များဖြင့် ဖြည့်ဆည်း ပေးခြင်းဖြင့် ချုံချင့်နှင့် တရုတ်နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ် သည်။ အမြွှာညီအစ်မ မြို့တော် အဖြစ် ပေါင်းစည်းထားသည့် ချုံချင့်မြို့နှင့် ချန်ဒူးမြို့တို့ အကြား စီးပွားရေး ပြပွဲတွင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများက ဧည့်ခံ ကြိုဆိုခြင်း၊ ဘာသာ ပြန်ခြင်း၊ ကြွရောက်သူများအတွက် ပူးပေါင်း ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့် နေရာများတွင် လုပ်အားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ပီကင်းအိုလံပစ်ပွဲတော်၊ ရှန်ဟိုင်း ကမ္ဘာ့ ကုန်စည် ပြပွဲ၊ ကွမ်ကျိုး အာရှ အားကစားပွဲတော်၊ ချုံချင့် စမတ် ကုန်စည် ပြပွဲ၊ ရုရှနိုင်ငံ ၂၀၁၈ ကမ္ဘာ့ဖလား ပွဲတော်နှင့် အပြည်ပြည်ဆိုင်ရာ ပွဲလမ်း အခမ်းအနားများတွင် ပါဝင် ကူညီပေးခဲ့ကြရာ ပြည်တွင်း ပြည်ပ တက်ရောက် ပါဝင်ကြသူများက အထူး ချီးကျူး ကျေးဇူးတင်ခဲ့ကြသည်။ တက္ကသိုလ် တည်ထောင်သည့် ၇၂ နှစ် ပြည့်ခဲ့ပြီးသည်အထိ SISU ကျောင်းသားဟောင်းများသည် ၎င်းတို့၏ ခြေရာများကို မျိုးဆက်သစ်တို့က ထက်ကြပ်မကွာ လိုက်လျှောက်လျက် တရုတ်နိုင်ငံ၏ စီးပွား ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံတကာ သံခင်းတမန်ခင်းတို့တွင် ဖြည့်ဆည်း ဆောင်ရွက်နိုင်ခဲ့ကြ သည်။ ချုံချင့် မြို့သူမြို့သားများနှင့် ကမ္ဘာသူကမ္ဘာသားများ အကြား ချစ်ခင်ရင်းနှီးမှု တည်ဆောက်ရာ၌လည်း အသိအမှတ်ပြုခံရလောက်အောင် ဆောင်ရွက်ပေးနေကြသည်။

တိုးတက်မှု မြင်ကွင်း        

တရုတ် ဝိသေသလက္ခဏာများနှင့် တည်ဆောက်နေသည့် ဆိုရှယ်လစ်စနစ် ခေတ်သစ် ကာလနှင့် လိုက်လျောညီထွေ ဖြစ်အောင် စီချွမ် နိုင်ငံတကာ လေ့လာရေး တက္ကသိုလ်သည် “ကျောင်းသူ ကျောင်းသားများကို ထူးခြားသည့် စရိုက်လက္ခဏာများ ရှိလာအောင် ပြုစု ပျိုးထောင်ခြင်း”နှင့် “နှစ်ထပ်ကွမ်း ပထမတန်းစားများ ဖြစ်လာအောင် အကောင်အထည် ဖော်ခြင်း”တို့ကို ဦး စားပေးအဖြစ် သတ်မှတ်ထားသည်။ မဟာပညာ ဌာနကြီးများ၏ ဖွံ့ဖြိုး တိုးတက်မှု၊ စည်းကမ်းများ စနစ်တကျ ရှိရေးအတွက် လိုက်လျောညီထွေ ဖြစ်အောင် ဆောင် ရွက်မှု၊ အဓိပ္ပာယ် ပြည့်ဝသည့် ပညာရေး အဖြစ် ပြောင်းလဲမှု၊ သိပ္ပံသုတေသနများ အားကောင်း လာစေရန် ဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှုတို့ကို အလေး ထား ဆောင်ရွက်လျက် ရှိသည်။ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် နေရင်း တစ်ဖက်တွင်လည်း တီထွင်ဖန်တီးမှုများကို အားပေး လုပ်ဆောင်လျက် ရှိသည်။ SISU သည် လက်တွေ့ အသုံးချနိုင် သည့် အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ သုတေသနများ တစ်ဟုန်ထိုး တိုးတက်အောင် အားပေးလျက် ရှိသည်။      

တက္ကသိုလ်မိတ်ဆက်
သတင်း